ဆေးလိပ်သည်လူတစ်ဦးချင်းစီအတွက်သော်လည်းကောင်း၊နိုင်ငံများအ
တွက်သော်လည်းကောင်း၊ကမ္ဘာကြီးအတွက်သော်လည်းကောင်းစီးပွါးရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။
ဆေးလိပ်သောက်သုံးခြင်းသည်ဆင်းရဲသားများတွင်ပိုမြင့်မားသည်။ဆေး
လိပ်ကြောင့်ရသောရောဂါကြောင့်ဆင်းရဲသားများသည်သူတို.၏နည်းပါး
သောဝင်ငွေများကိုအစားအစာ၊နေထိုင်မှုအဆင့်အတန်း၊ပညာရေးနှင့်ကျမ္မာ
ရေးစောက်ရှောက်မှုများတွင်မသုံးစွဲနိုင်ပေ။
ဆင်းရဲသားလူတန်းစားများသည်ဆက်လက်ဆုံးရှုံးနေစဉ်ဆေးလိပ်ထုတ်
လုပ်သူများသည်နှစ်စဉ်နှစ်တိုင်းကြီးမားသောအမြတ်များကိုရရှိကြပါသည်။
ကမ္ဘာ၏အဆင်းရဲဆုံးနေရာများတွင်ရောင်းအားတိုးမြှင့်ရန်သူတို.တွင်မ
ဟာဗျူဟာများရှိပါသည်။
၂၀၁၅အလွန်ဖွံးဖြိုးမှုအာဂျင်တာသည်ကမ္ဘာတစ်ဝန်းတွင်ဆင်းရဲမွဲတေမှု
ကိုဖယ်ရှားရန်ဖြစ်သည်။ဆေးလိပ်သောက်သုံးခြင်းသည်ဆင်းရဲသောနိုင်
ငံများတွင်ချမ်းသာသောနိုင်ငံများထက်လူကိုပိုသေစေပြီးထိခိုက်မှုလည်း
ပိုများပါသည်။ထို.ကြောင့်ဆေးလိပ်သောက်ခြင်းသည်ဆင်းရဲမွဲတေမှု
လျော့ချခြင်းဆီသို.ဦးတည်သောတိုးတက်မှုကိုအဟန်.အတားပြုလုပ်
ပေးသည်။
မြန်မာနိုင်ငံတွင်အမေရိကန်၁ဒေါ်လာအောက်တွင်စီးကရက်၁ဗူးရရှိကာလူငယ်
အပါအ၀င်နိုင်ငံလူဦးရေ၏တစ်ဝက်ကျော်သည်ဆေးလိပ်ကိုအရေအ
တွက်မြောက်မြားစွာသောက်သုံးနေပါသည်။ဆေးလိပ်ကြောင့်ရရှိသော
ရောဂါကြောင့်လူစွမ်းအားများဆုံးရှုံးကာကုန်ကျစရိတ်များလည်းများပြား
လာသောကြောင့်သယံဇာတကြွယ်ဝသောမြန်မာနိုင်ငံသည်ဆင်းရဲမွဲတေ
မှုနွံတွင်းမှရုန်းထွက်နိုင်အုံးမည်မဟုတ်ပေ။
အရင်းအမြစ် ASH အဖွဲ.အစည်း၊အမေရိကန်နိုင်ငံ
![]() |
မြန်မာနိုင်ငံမှဆင်းရဲသောကလေးငယ် |
No comments:
Post a Comment