ဆေလိပ်သောက်ခြင်းသည်ကမ္ဘာတွင်နေမကောင်းဖြစ်မှုနှင့်အရွယ်မတိုင်မှီသေဆုံးမှု၏အဓိကတစ်ခုတည်းသောအကြောင်းရင်းတစ်ခုဖြစ်သည်။ဆေးလိပ်သောက်ခြင်းနှင့်ဆက်စပ်သောသေဆုံးမှုများမှာ အဓိကအားဖြင့်ကင်ဆာရောဂါ၊နာတာရှည်အဆုတ်လမ်းကြောင်းရောဂါနှင့်နှလုံးရောဂါတို.ဖြစ်ကြသည်။ဆေးလိပ်သောက်သူအားလုံး၏တစ်ဝက်ခန်.သည်ဆေးလိပ်သောက် ခြင်းနှင့်ဆက်စပ်သောရောဂါနှင့်သေဆုံးသည်။ဆေးလိပ်သောက်သူ၏ဘ၀ သက်တမ်းသည်ဆေးလိပ်မသောက်သူထက်ဆယ်နှစ်နည်းသည်။သင်ဆေး လိပ်သောက်ခြင်းကိုစတင်ခြင်းသည်ပိုငယ်ရွယ်လေလေပို၍တာရှည်စွာဆေးလိပ် သောက်ရန်အလားအလာရှိပြီးဆေးလိပ်သောက်ခြင်းကြောင့်စောစောစီးစီးသေဆုံးရန်လည်းအလားအလာရှိသည်။ဆေးလိပ်နှင့်ဆက်စပ်သောသေဆုံးမှုအများစုသည်မြန်မြန်ဆန်ဆန်သေဆုံးမှုမဟုတ်ပါ။ဥပမာအားဖြင့်သင်သည်နာတာရှည်အဆုတ်လမ်းကြောင်းရောင်ရောဂါရလာလျှင်မသေခင်ရောဂါလက္ခဏာများကိုခံစားရပြီးနှစ်ပေါင်းမြောက်မြား စွာနေမကောင်းဖြစ်မှုများကိုသင်မျှော်လင့်နိုင်သည်။
ဆေးလိပ်သောက်ခြင်းရပ်တန်.ခြင်းသည်သင်၏ကျမ္မာရေးအတွက်ကြီးမားသောကွဲပြားမှုတစ်ခုကိုပြုလုပ်ပေးနိုင်သည်။သင်၏ကျမ္မရေးကြီးကြီးမားမားအကျိုးအမြတ်ရရှိရန်ဆေးလိပ်သောက်ခြင်းကိုရပ်တန်.ရန်သည်ဘယ်တော့မှနောက်မကျပါဘူး။ဥပမာအားဖြင့်ကင်ဆာရောဂါသို.မဟုတ်တခြားပြင်းထန်သောရောဂါအချို.မရမှီလူလတ်ပိုင်းအရွယ်
တွင်သင်ဆေးလိပ်သောက်ခြင်းကိုရပ်တန်းလိုက်လျှင်ဆေးလိပ်ကြောင့်သေဆုံးမှုအများဆုံဖြစ်လာနိုင်မှုကိုရှောင်ရှားသည်။
ဆေးလိပ်တွင်နီကိုတင်းပါရှိပါသည်။နီကိုတင်းသည်ဦးနှောက်ကိုလှုံ.ဆော်ပေးသော
ဆေးတစ်ခုဖြစ်သည်။သင်သည်ပုံမှန်ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်လျှင်နီ ကိုတင်းသွေးအဆင့်ကျရောက်သောအခါတက်မက်မှု၊စိတ်ပူပင်မှု၊ဂနာမငြိမ်မှု၊ခေါင်း
ကိုက်မှု၊နာကျင်မှု၊ဆာလောင်မှု၊အာရုံစိုက်ရန်ခက်ခဲ့မှု(သို.)နှစ်လိုဖွယ်မကောင်းသောခံ စားမှုတို.ဖြစ်လာသည်။နောက်ဆေးလိပ်တစ်လိပ်ကထိုလက္ခဏာများကိုသက်သာရာရ
စေသည်။ထို.ကြောင့်ဆေးလိပ်သောက်သူအများစုသည်ပုံမှန်ဖြစ်ရန်နှင့်နီကိုတင်းဆေး ဖြတ်လ က္ခဏာများကိုကာကွယ်ရန်ပုံမှန်သောက်သုံးရန်လိုအပ်သည်။
ဓါဓုပစ္စည်းများပါသောဆေးလိပ်ကတ္တရာစေး
အဆုတ်ထဲတွင်ထိုအနယ်အနှစ်များသည်သွေးကြောထဲသို.ရောက်ရှိနိုင်ပြီးထိုအရာများသည်ခန္ဓာကိုယ်၏တခြားအစိတ်အပိုင်းသို.သယ်ဆောင်သွားသည်။ဆေးလိပ်မီးခိုးတွင်ကာစီနိုဂျင်နှင့်တခြားအဆိပ်များအပြင်ဓါဓုပစ္စည်းလေးထောက်ကျော်လောက်ပါရှိသည်။ထိုဓါဓုပစ္စည်းများသည်သွေး၏အောက်စီဂျင်သယ်ဆောင်နိုင်မှုစွမ်းဆောင်နိုင်မှုကိုအကျိုးသက်ရောက်စေသည်။အထူးသဖြင့်ဆေးလိပ်သောက်သောကိုယ်ဝန်ရှိသောအမျိုးသမီးများတွင်ကြီးထားမည့်ကလေးအားနည်းပါးသောအောက်ဆီဂျင်ပမာဏကိုရရှိစေသည်။ဤအရာသည်ကြီးထားမည့်ကလေးတွင်ဆေးလိပ်သောက်ခြင်း၏ဆိုးဝါးသောအကျိုး
သက်ရောက်မှုအတွက်အရေးအကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်ကိုစဉ်းစားကြ သည်။ဆေးလိပ်နှင့်ဆက်စပ်သောရောဂါများမှာအောက်ပါအတိုင်းဖြစ်သည်။
၁။ကင်ဆာရောဂါ
၂။နာတာရှည်အဆုတ်လမ်းကြောင်းရောဂါ
ဤရောဂါဖြင့်သေဆုံးသူများသည်မသေမှီနှစ်ပေါင်းမြောက်မြားစွာနေမကောင်းဖြစ်ခဲ့
သည်။
၃။နှလုံးရောဂါ
၎။သွေးလှည့်ပတ်မှု
ဆေးလိပ်တွင်ဓါဓုပစ္စည်းများသည်သွေးကြောများ၏အလွာကိုပျက်စီးနိုင်ပြီးသွေးစီးဆင်းမှုတွင်မပျော်ဝင်နိုင်သောဓါဓုပစ္စည်းအဆင့်ကိုအကျိုးသက်ရောက်စေသည်။ထိုအရာများသည်သွေးဝင်ကြောမာခြင်းကိုဖြစ်စေသည်။သွေးဝင်ကြောမာကျောလာမှုသည်နှလုံးရောဂါ၊လေဖြတ်ခြင်း၊ခြေထောက်တွင်အားနည်းသောသွေးစီးဆင်းခြင်းနှင့်အတွင်းပိုင်းသွေးထွက်မှုကိုဖြစ်စေ၍ရောင်လာသောသွေးဝင်ကြောများကိုဖြစ်စေသည်။
၅။လိင်ပိုင်းဆိုင်ရာပြသာနာများ
ဆေးလိပ်သောက်သူသည်ဆေးလိပ်မသောက်သူထက်လူလက်ပိုင်းအရွယ်တွင်လိင်ပိုင်းဆိုင်ရာစွမ်းအားနည်းမှုဖြစ်ရန်အလားအလာပိုများသည်။
၆။နာတာရှည်ရိုးဆစ်ရောင်ရမ်းနာ
၇။ပို၍အရုပ်ရင့်ခြင်း
၈။မျိုးမအောင်မှုဖြစ်ပေါ်ခြင်း
၉။စောစောစီးစီးသွေးဆုံးခြင်း
၁၀။ဆေးလိပ်သောက်ခြင်းကပိုဆိုးစေသောရောဂါများမှာ-----
ပန်းနာရင်ကျပ်၊အအေးမိ၊တုတ်ကွေး၊ရင်ဘက်ရောဂါများ၊အဆုတ်ရောဂါ၊နာတာရှည်နှာ
ခေါင်းရောင်နာ၊ကျောက်ကပ်ရောဂါ၊လည်မျို၌အဆီဖုများလာခြင်း၊တိရှူးအမြောက်အ မြားမာလာခြင်း၊အမြင်အာရုံကြောရောင်ရမ်းခြင်းနှင့်အူသိမ်အောက်ပိုင်းနာကျင်မှုရောဂါတို.
ဖြစ်ပါသည်။
၁၁။ဆေးလိပ်သောက်ခြင်းသည်အောက်ပါတခြားရောဂါများကိုလည်းဖွံ.ဖြိုးစေပါသည်။
ပြင်းထန်သောစိတ်ချောက်ချားမှု၊အမြင်ဆိုင်ရာအာရုံကြောရောဂါ၊မျက်စိအတွင်းတိမ်
၊ကြွက်သားပျက်စီးလာခြင်း၊အဆုတ်တွင်အဖုထခြင်း၊အဖုအကွက်များပေါ်သောရောဂါ၊သွားဖုန်းရောဂါ၊သွားဆုံးရှူံးမှု၊အရိုးအားနည်းရောဂါနှင့်ရေနော့သွင်ပြင်လက္ခဏာတို.ဖြစ်သည်။
ကိုယ်ဝန်ဆောင်စဉ်ဆေးလိပ်သောက်ခြင်းသည်အောက်ပါအကြောင်းအရာများ
ကိုဖြစ်ရန်အလားအလာရှိပါသည်။
၁။ကိုယ်ဝန်ပျက်ကျခြင်း
၂။ကိုယ်ဝန်ဆောင်စဉ်အတွင်းသွေးထွက်ခြင်း၊အချင်းကွာကျခြင်း၊အချိန်မတိုင်မှီမွေးဖွား
ခြင်း၊သန္ဓေသားလောင်းသားအိမ်၏အပြင်တွင်ဖွံ.ဖြိုးခြင်းအပြင်ပဓိသန္ဓေဆင့်ပွါးရောဂါ များ
၃။မွေးသောကလေး၏အလေးချိန်နည်းပါခြင်း
၎။ပါးစပ်ရောဂါကဲ့သို.ကလေးတွင်မွေးရာပါချွှတ်ယွင်းချက်များပါရှိခြင်း
၅။အသေမွေးခြင်းများ(သို.)တစ်ပတ်အတွင်းတွင်သေတာတို.ဖြစ်ခြင်း
၆။ကလေး၏ကျမ္မာရေး၊ဖွင့်ဖြိုးမှုနှင့်ကြီးထွားမှုပိုနည်းပါးခြင်း
ဆေးလိပ်မသောက်သူကလေးနှင့်နိုင်းယှဉ်မည်ဆိုလျှင်ဆေးလိပ်သောက်သူမှမွေးသောကလေးသည်စာဖတ်ခြင်းနှင့်သင်္ချာံများတွင်ပို၍အောင်မြင်မှုနည်းပါးပြီးပန်းနာရင်ကျပ်ဖွံ.
ဖြိုးလာရန်အလားအလာရှိသည်။
ဆေးလိပ်သောက်ခြင်းသည်ကလေးငယ်များအားဆိုးကျိုးသက်ရောက်စေသည်။
၁။ဆေးလိပ်သောက်သူ၏အိမ်တွင်နေသောကလေးငယ်များသည်ပန်းနာရင်ကျပ်ရောဂါ၊နား၊နှာခေါင်း၊ရင်ဘက်ရောဂါများရရှိရန်အလားအလာရှိသည်။
၂။ရုတ်တရပ်ကလေးသေဆုံးမှုအလားအလာရှိသည်။
၃။အသက်ကြီးလာသောအခါဆေးလိပ်သောက်သူဖြစ်ရန်အလားအလာရှိတယ်။
၎။ဆေးလိပ်မသောက်သောအိမ်တွင်ရှိသောကလေးများထက်ပုံမှန်အားဖြင့်စာဖတ်ခြင်း
နှင့်စဉ်းစားမှုစွမ်းရည်များတွင်ပိုပြီးအားနည်းခြင်း
၅။အရွယ်ရောက်သောအခါစီအိုပီဒီရောဂါနှင့်ကင်ဆာရောဂါဖြစ်ရန်အလားအလာရှိသည်။
ဆေးလိပ်သောက်ခြင်းရပ်တန်.မှု၏အကျိုးကျေးဇူးသည်ချက်ချင်းစပါသည်။ဘယ်အ
သက်အရွယ်၌မဆိုသင်စွန်.လွတ်လိုက်လျှင်ပြင်းထန်သောရောဂါရရှိရန်အလားအလာ နည်းပါးသွားသည်။သို.သော်ငြားလည်းပဲရပ်တန်.တာမြန်လေသင့်အသက်အန္တရယ်
လျော့ချမှုမျာလေဖြစ်သည်။
သင်သည်ဆယ်ကျော်သက်အရွယ်မှစပြီးဆေးလိပ်သောက်လျှင်အသက်၃၅မတိုင်မှီ
ဆေးလိပ်ဖြတ်လိုက်လျှင်ဆေးလိပ်လုံးဝမသောက်သူထက်သင်၏ဘ၀သက်တမ်သည် နည်းနည်းလေးနည်းသည်။အသက်၅၀မတိုင်မှီဆေးလိပ်သောက်ခြင်းကိုရပ်တန်.လိုက်လျှင်ဆေးလိပ်သောက်ခြင်းနှင့်ဆက်စပ်သောရောဂါများနှင့်သေခြင်းမှ၅၀%လျော့ကျ
သွားသည်။
ဒါပေမဲ့ကျမ္မာသောအကျိုးအမြတ်ရရှိရန်ဆေးလိပ်ဖြတ်ခြင်းသည်ဘယ်တော့မှနောက်မကျပါဘူး။သင်သည်စီအိုပီဒီ(သို.)နှလုံးရောဂါရှိသည်တောင်မှဆေးလိပ်သောက်ခြင်း
ကိုဖြတ်လိုက်လျှင်သင်၏ရောဂါသည်ပို၍တိုးတက်လာလိမ့်မည်။
ကျမ်းကိုး-----ရောဂါထိန်းချုပ်မှုနှင့်ကာကွယ်မှုဋ္ဌာန၊အမေရိကန်နိုင်ငံ
![]() |
ဆေးလိပ်ကြောင့်ရသောရောဂါကြောင့်နောက်ပိုင်းပိုက်ဆံပိုကုန်ကျနိုင်သည် |
No comments:
Post a Comment