Tuesday, May 7, 2013

ဆေးလိပ်သောက်ခြင်းနှင့်ဆီးချိုရောဂါ



ဆေးလိပ်သောက်ခြင်းနှင့်ဆီးချိုရောဂါ

ဆီးချိုရောဂါသည်သာမန်ထက်သွေးထဲတွင်သကြားဓါတ်ပါဝင်မှုအဆင့်ပိုများသောရောဂါအုပ်စုတစ်မျိုး ဖြစ်ည်။စွမ်းအင်အတွက်အသုံးပြုရန်ခန္ဓာကိုယ်ဆဲအတွက်လူတစ်ယောက်စားသောအစာအများစုကိုသ ကြားဓါတ်အမျိုးအစားဟုခေါ်သောကလူးကို.စ်အဖြစ်သို.ပြောင်းလဲပေးလိုက်သည်။အစာအိမ်အနားတွင်ခန္ဓာကိုယ်၏အင်္ဂါံအစိတ်အပိုင်းတစ်ခုဖြစ်သောအစာခြေရည်ထုတ်လွက်ပေးသောအကျိတ်သည်အင်ဆူလင်ဟုခေါ်သောဓါဓုပစ္စည်းတစ်မျိုးကိုထုတ်လွက်ပေးသည်။ထိုအရာသည်ခန္ဓာကိုယ်၏ဆဲထဲသို. ဂလူးကို.စ်ရောက်ရှိရန်အကူအညီပေးသည်။သင်ဆီးချိုရှိသောအခါသင်၏ခန္ဓာကိုယ်သည်လုံလောက် သောအင်ဆူလင်ကိုမပြုလုပ်သည့်အပြင်အင်ဆူလင်ကိုလည်းကောင်းစွာအသုံးမပြုနိုင်ပါ။ဆဲများထဲသို.ဂလူးကို.စ်သည်နည်းနည်းသာရောက်ရှိပြီးထိုအစားသွေးထဲတွင်ပိုများလာသည်။

ဆီးချိုအမျိုးအစားအမျိုးမျိုးရှိသည်။ပုံစံ၂သည်လူကြီးများတွင်အတွေ.ရအများဆုံးဖြစ်သောဆီးချိုရောဂါအမျိုးအစားတစ်မျိုးဖြစ်ပြီးရောဂါစစ်ဆေးတွေ.ရှိမှုအားလုံး၏၉၀နှင့်၉၅ကြားရာခိုင်နှုန်းဖြစ်သည်။လူအ နည်းစုမှာတော့ကလေးငယ်များ၊အရွယ်ရောက်သူများ(သို.)နုပျိုငယ်ရွယ်သူများတွင်မကြာခဏဖြစ်ပေါ်သောပုံစံ၁ဆီးချိုရောဂါအမျိုးအစားရှိသည်။
ဆေးလိပ်သောက်ခြင်းသည်ပုံစံ၂ဆီးချိုရောဂါအမျိုးအစားရရှိရန်အခွင့်အလမ်းကိုတိုးစေတယ်။သင်တွင်ဘယ်လိုအမျိုးအစားဆီးချိုရှိပါစေဆေးလိပ်သောက်ခြင်းသည်သင်၏ဆီးချိုရောဂါကိုထိန်းချုပ်ရန်ခက်ခဲ့စေသည်။ဥပမာအားဖြင့်တခြားဆေးလိပ်ပစ္စည်းအသုံးပြုခြင်းအပြင်ဆေးလိပ်သောက်ခြင်းသည်သင်၏အင်ဆူလင်အလုပ်လုပ်ခြင်းကိုအနှောင့်အယှက်ပေးနိုင်သည်။သင်တွင်ဆီးချိုရှိပြီးဆေးလိပ်သောက် လျှင်ဆီးချိုရောဂါမှပြင်းထန်သောကျမ္မာရေးပြသနာရရှိရန်ပို၍အလားအလာရှိသည်။ဆီးချိုရောဂါဖြင့် ဆေးလိပ်သောက်သူသည်ပြင်းထန်သောဆင့်ပွါးရောဂါများအတွက်ပိုပြီးတော့ဖြစ်နိုင်ခြေများသည်။ထိုဆင့်ပွါးရောဂါများမှာအောက်ပါအတိုင်းဖြစ်သည်။
၁။နှလုံးနှင့်ကျောက်ကပ်ရောဂါ
၂။ခြေထောက်ရောဂါများ၊ပြည်တည်သောအနာများနှင့်ခြေ၊လက်ဖြတ်တောက်ရမှုဆီသို.ဦးတည်နိုင် သောအားနည်းသောသွေးများသည်ခြေထောက်များနှင့်လက်တွင်စီးဆင်းသည်။
၃။မျက်လုံးကန်းမှုကိုဖြစ်စေနိုင်သောမျက်စိရောဂါ
၎။လက်များနှင့်ခြေထောက်များတွင်ပျက်စီးသောအာရုံကြောများဖြစ်ပေါ်ခြင်း
သင်သည်ဆီးချိုရောဂါဖြင့်ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်ပြီးဆေးလိပ်သောက်ခြင်းကိုဖြတ်ရန်ဆုံးဖြတ်လျှင်ကျမ္မာရေးအကျိုးရလဒ်သည်ချက်ချင်းကိုစတင်သည်။ဆေးလိပ်ဖြတ်သောဆီးချိုရောဂါရသူ များတွင်သူတို.၏သွေးထဲတွင်ရှိသောသကြားအဆင့်ကိုပိုကောင်းသောထိန်းချုပ်မှုရှိသည်။ဆေးလပ် ဖြတ်ပြီး၈ပတ်အတွင်းတွင်အင်ဆူလင်ခုခံနိုင်မှုလျော့ကျနိုင်သည်ဆိုသည်ကိုလေ့လာမှုများကပြပြီးပြီ။ခွဲစိတ်ခြင်းမှနေကောင်းလာမှုသည်လည်းမြန်မြန်ဆန်ဆန်ဖြစ်နိုင်သည်။
ဆေးလိပ်မသောက်ပါနှင့်။ဆေးလိပ်သောက်ခြင်းသည်ပုံစံ၂ဆီးချိုရောဂါအမျိုးအစားရရှိမှုအခွင့်အလမ်းကိုတိုးစေသည်။ရောဂါရရှိမှုအမြင့်မားဆုံးရှိသောအရွယ်ရောက်သူများတွင်အလေးချိန်လျော့ချခြင်းနှင့်ကိုယ်လက်လှုပ်ရှားမှုတို.သည်ပုံစံ၂ဆီးချိုရောဂါအမျိုးအစားကိုနှောင့်နှေးအောင်လုပ်နိုင်သည်(သို.) ကာကွယ်နိုင်သည်။ဆီးချိုရောဂါကုသမှုနှင့်စီမံခန်.ခွဲမှုများမှာအောက်ပါအတိုင်းဖြစ်သည်။
၁။ကျမ္မာရေးညီညွတ်သောစားသောက်မှုနှင့်ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်
၂။အလေးချိန်လျော့ချခြင်း
၃။ခန္ဓာကိုယ်ကအသုံးပြုသောအင်ဆူလင်ကိုပိုကောင်းအောင်ကူညီခြင်းဖြင့်သွေးထဲတွင်ရှိသောသကြားများကိုထိန်းချုပ်ရန်ဆေးများ
၎။ဆေးထိုးခြင်းဖြင့်ရရှိသောအင်ဆူလင်
၅။ဆီးချိုရောဂါနှင့်သူ၏ဆင့်ပွါးရောဂါများကိုစီမံခန်.ခွဲရန်လိုအပ်သောစွမ်းရည်နှင့်ပြသာနာဖြေရှင်းခြင်းကိုထုတ်ဖေါ်ပြောရန်လူနာ၏အသိပညာများ
၆။ကိုလက်စထရောနှင့်သွေးတိုးကိုထိန်းချုပ်ရန်ဆေးဝါးများ
ကျမ်းကိုး----ရောဂါထိန်းချုပ်မှုနှင့်ကာကွယ်မှုဋ္ဌာန၊အမေရိကန်နိုင်ငံ
ဆေးလိပ်သောက်ခြင်းကဖြစ်ပေါ်သောဆီးချိုရောဂါ

No comments:

Post a Comment