သုတေသနသည်အဆုတ်ကင်ဆာရောဂါအတွက်မြောက်မြားစွာသောအ
ကြောင်းတရားများနှင့်ရောဂါဖြစ်နိုင်ခြေအရာများကိုတွေ.ရှိပြီးပြီ။ရောဂါရရှိရန်အခွင့်အလမ်းကိုဖြစ်စေနိုင်သောမည်သည့်အရာမဆိုရောဂါရနိုင်ခြေ
အရာတစ်ခုဖြစ်သည်။အဆုတ်ကင်ဆာဖြစ်စေနိုင်သောအရာများမှာအောက်
ပါအတိုင်းဖြစ်သည်။
၁။ဆေးလိပ်သောက်ခြင်း
၂။တခြားလူတွေ၏စီးကရက်မှတဆင့်ခံအခိုးအငွေ.
၃။အိမ်တွင်ရှိသောရေဒီယိုဓါတ်ရောင်ခြည်ဓါတ်ငွေ.များ
၎။မီးခံကျောက်များ၊အိုင်ရင်းပါသောဓါတ်ရောင်ခြည်များနှင့်တခြားကင်ဆာ
ဖြစ်နိုင်သောဓါတ်သတ္တုများအပြင်အိမ်(သို.)အလုပ်နားတွင်ရှိသောကင်
ဆာဖြစ်စေနိုင်သောအရာများ
၅။ရင်ဘက်သို.အကာကွယ်မဲ့ကျရောက်သောဆေးဝါးဆိုင်ရာရောင်ခြည်
များ
၆။အသက်ရှူခက်ခဲသောအဆုတ်ရောဂါ (သို.)နာတာရှည်အဆုတ်ပြွန်
ရောင်နာကဲ့သို.သောနာတာရှည်အဆုတ်ရောဂါ
၇။အသက်ကြီးလာမှု
အဆုတ်ကင်ဆာဖွံ.ဖြိုးလာမှုဖြစ်နိုင်ခြေကိုနည်းလမ်းအမျိုးမျိုးဖြင့်လျော့ချ
နိုင်သည်။
၁။ဆေးလိပ်မသောက်ပါနဲ.၊အကယ်၍ဆေးလိပ်သောက်လျှင်အခုရပ်လိုက်
ပါ။
၂။တဆင့်ခံဆေးလိပ်အခိုးအငွေ.ကိုရှောင်ပါ။
၃။အိမ်တွင်ရေဒီယိုဓါတ်ရောင်ခြည်ရှိမရှိစမ်းသပ်ပါ။မြင့်မားသောအဆင့်
များတွေ.ရှိလျှင်မှန်ကန်သောလုပ်ဆောင်ချက်များယူပါ။
၎။ဆေးဝါးဆိုင်ရာဓါတ်မှန်ရိုက်ရာတွင့်သင်၏အကာကွယ်မဲ့ရောင်ခြည်ကျ
ရောက်မှုကိုသတိထားပါ။ရင်ဘက်ဓါတ်မှန်ရိုက်ခြင်းနှင့်ပက်သက်သော
ဆေးဝါးဆိုင်ရာစမ်းသပ်မှုအတွက်လိုအပ်မှုနှင့်ပက်သက်၍သင်၏ဆရာ
ဝန်ကိုမေးပါ။
၅။အဆိပ်ပါသောဓါတ်သတ္တုများနှင့်အလုပ်လုပ်သောအခါအလုပ်ခွင်တွင်
ကျမ္မာရေးနှင့်လုံခြုံမှုဆိုင်ရာညွန်ကြားချက်များကိုလိုက်နာပါ။
၆။ဒီဇယ်အိတ်ဇောများနှင့်တခြားအန္တရယ်ရှိသောလေထုညစ်ညမ်းသည့်
အရာများကိုရှောင်ရှားပါ။
အဆုတ်ကင်ဆာအတွက်လူအမျိုးမျိုးတွင်ရောဂါလက္ခဏာအမျိုးမျိုးရှိ
သည်။တချို.လူများတွင်ပထမဆုံးအနေဖြင့်အဆုတ်ကင်ဆာကိုရောဂါစစ်
ဆေးတွေ.ရှိသည့်အခါမည်သည့်ရောဂါလက္ခဏာမှလုံးဝမရှိဘူး။အဆုတ်
ကင်ဆာရောဂါလက္ခဏာများသည်အဆုတ်ထဲတွင်ကင်ဆာဆဲများကြီး
ထွားလာမှု(သို.)ကင်ဆာဆဲများသည်ခန္ဓာကိုယ်၏တခြားအစိတ်ပိုင်းများ
သို.ပျံ.နှံ.သွားသည့်အကျိုးဆက်ကြောင့်ဖြစ်သည်။အဆုတ်တွင်ကင်ဆာ
ဆဲများကြီးထွားမှုကြောင့်အဆုတ်ကင်ဆာရောဂါလက္ခဏာများမှာအောက်
ပါအတိုင်းဖြစ်သည်။
၁။အသက်ရှူတိုတောင်းမှု
၂။ချောင်းခဏခဏဆိုးခြင်း
၃။အသက်ရှူခက်ခဲမှု
၎။အဆုတ်မှသွေးများကိုအတင်းထုတ်ခြင်း
၅။ရင်လက်နာကြင်မှု
၆။အဆုတ်လေပြွန်ရောင်ရောဂါ(သို.)အဆုတ်ရောင်ရောဂါကဲ့သို.သော
ထပ်တလဲလဲဖြစ်ပေါ်သောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
ဤလက္ခဏာများသည်တခြားရောဂါများနှင့်လည်းဖြစ်ပေါ်နိုင်သည်။
အဆုတ်ကင်ဆာအမျိုးအစားပေါ်တွင်ခြေခံ၍အဆုတ်ကင်ဆာကိုနည်း
လမ်းအမျိုးမျိုးဖြင့်ကုသသည်။ခွဲစိတ်ကုသခြင်း၊ရောဂါပိုးမွားများကိုသေစေ
နိုင်သောဆေးများဖြင့်ကုသခြင်းနှင့်ဓါတ်ကင်ကုထုံးတို.ဖြင့်ကုသခြင်းတို.
သည်အဆုတ်ကင်ဆာရောဂါ၏ကုသမှုဖြစ်သည်။အဆုတ်က်ဆာရှိသော
သူသည်မကြခဏကုသမှုအမျိုးအစားတစ်ခုထက်ပို၍ရရှိသည်။အဆုတ်
ကင်ဆာအတွက်ကုသခံခဲ့ရသောသူများတွင်ကင်ဆာကဖြစ်ပေါ်သောရော
ဂါလက္ခဏာများ(သို.)ကင်ဆာကုသမှုဘေးထွက်ဆိုးကျိုးမှဖြစ်ပေါ်သော
ရောဂါလက္ခဏာများဆက်လက်တည်ရှိကောင်းတည်ရှိလိမ်.မည်။
![]() |
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်သောအဆုတ်ကင်ဆာ |
No comments:
Post a Comment