Friday, March 20, 2020

ကိုရိုနာဗိုင်းရပ်စ် မတွေ့တာ အခုအချိန်ထိ မှန်နေဆဲပဲလား။


မြန်မာနိုင်ငံသားများသည် ခုခံအားစနစ် ကောင်းနေသည်ဟု ယူဆမိပါသည်။ ကမ္ဘာပညာရှင်များ ပြောဆိုချက်အရ အသီးအရွက်စားခြင်း၊ တရားထိုင်ခြင်း၊ ငှက်ဖျားပိုးအခံရှိခြင်း၊ ငှက်ဖျားဆေးနှင့် ရင်းနှီးကျွမ်း၀င်ပြီးသား ဖြစ်နေခြင်းများသည် ကိုရိုနာဗိုင်းရပ်ကို တွန်းလှန်နိုင်ရန် ခုခံအားစနစ်တစ်ခု ရှိနေပုံပေါ်သည်။
ခန္ဓာကိုယ်တွင် ခုခံအားစနစ်ကောင်းလာရန် သာမန်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အိပ်ရေး၀အောင် အိပ်စက်ခြင်း၊ ရေများများသောက်ခြင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းများစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားခြင်းများသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းစေပါသည်။
တော၊တောင်များတွင် သစ်ပင်များ ပြုန်းတီးနေသော်လည်း မြို့ကြီး၊ပြကြီးများတွင် သဘာဝအတိုင်း သစ်ပင်များ စိမ်းစိုလျှက် ရှိနေဆဲဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသားများသည် ဗိုင်းရပ်စ်များကို သယ်ဆောင်နိုင်သည်ဟု ယူဆရသောငှက်များနှင့် နဂိုကတည်းကပင် ယဉ်ပါးနေခြင်း၊ အဲယားကွန်းသုံးသော အဆောက်အအုံများ များများစားစား မရှိခြင်း၊ ကားများပေါများသော်လည်း မြန်မာနိုင်ငံတွင် စက်ရုံများနည်းမှုကြောင်း လေထုညစ်ညမ်းမှု သိပ်များများစားစား မရှိခြင်းများသည် အခုအချိန်တွင် ကောင်းသော အချက်များဖြစ်သည်။
သို.သော် ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ရန် လက်ကို ဆပ်ပြာ(သို့) လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပေးခြင်း၊ လူစုလူ‌‌‌‌‌‌ဝေးသို.သွားခြင်းကို ရှောင်ရှားခြင်း၊နှာခြေသည့်အခါ(သို့)ခြောင်းဆိုးသည့်အခါတွင် တစ်ရှူး(သို့)လက်မောင်းဖြင့် အုပ်ထားခြင်း၊ ခြောင်းဆိုးပြီး နေမကောင်းဖြစ်နေလျှင် ပါးစပ်ဖုံးများတပ်ထားခြင်း။ နေမကောင်းဖြစ်နေလျှင် အိမ်မှာပဲ နေထိုင်ခြင်းဖြင့်၊သံသယရှိသောလက်ဖြင့် မျက်စိ၊နှာခေါင်း၊ ပါးစပ်များကိုင်ခြင်းကို ရှောင်ရှားခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို တားဆီးကာကွယ်နိုင်ပါသည်။

အထောက်အထား၊ ပညာရှင်များ အရင်းအမြစ်ကိုသုံး၍ အွန်လိုင်းသုတေသန
ထုက္ကန်သိမ်၊ မြောက်ီဥး၊ ရခိုင်ပြည်



No comments:

Post a Comment