Saturday, June 1, 2013

ရုရှားတွင်ဆေးလိပ်သောက်သုံးစွဲမှုကိုကန်.သတ်

အများပြည်သူနေရာတစ်ချို.တွင်ဆေးလိပ်သောက်သုံးခြင်းကိုတားမြစ်ခြင်းနှင့်ဆေးလိပ်ကြော်ငြာကိုကန်.သတ်ထားသောဥပဒေတစ်ခုသည်ဒီလ
စနေနေ.တွင်ရုရှားတွင်အကျိုးသက်ရောက်မှုဖြစ်လာသည်။အလုပ်ခွင်များ၊တိုက်ခန်းလှေကားများ၊ဘက်စ်ကားများ၊ရထားများ၊ရထားဘူတာနှင့်လေ
ဆိပ်များ၏၁၅မီတာအတွင်းတွင်ဆေးလိပ်သောက်ခြင်းကိုတားဆီးလိမ့်မည်။၂၀၁၄တွင်စားသောက်ဆိုင်များ၊အရက်ဆိုင်များသင်္ဘောံများနှင့်ရထားများ
တွင်တားမြစ်မှုများကိုတိုးချဲ.ဆောင်ရွက်လိမ့်မည်။
ဆေးလိပ်သောက်သုံးသူ၄၀ရာခိုင်နှန်းနှင့်အတူရုရှားသည်ကမ္ဘာတွင်ဆေးလိပ်သောက်သုံးမှုအမြင့်မားဆုံးနှန်းထဲမှတစ်နိုင်ငံဖြစ်သည်။
ပြည်သူ.ကျမ္မာရေးတိုးတက်ရန်၊လူ.သက်တမ်းတိုးမြှင့်ရန်နှင့်စီးပွါးဆိုင်ရာကြီးထွားမှုတိုးမြှင့်ရန်သူ.၏အစီအစဉ်တစ်ခုအနေဖြင့်သမတဗလာတီမာ
ပူတီသည်ဖေဖေါ်ဝါရီလတွင်ဆေးလိပ်သုံးစွဲမှုတိုက်ဖျက်ရေးဥပဒေကိုလက်မှတ်ရေးထိုးခဲ့သည်။လွန်ခဲ့သောနှစ်တွင်ဆေးလိပ်နှင့်ဆက်စပ်သော
ရောဂါကြောင့်ရုရှာလူမျိုး၎သိန်းသေဆုံးခဲ့သည်ဆိုသည်ကိုဝန်ကြီးချုပ်ဒီမိထရေမက်ဗီဒေကပြောဆိုလိုက်ပါသည်။
ဥပဒေသည်ဆေးလိပ်ရောင်းချမှုကိုကန်.သတ်ပြီးဆေးလိပ်ကုမ္ပဏီများမှငွေကြေးထောက်ပန်.မှုအစီအစဉ်များနှင့်ကြော်ငြာများကိုကန်.သတ်လိမ့်
မည်။
၂၀၁၄ဇွန်လမှစပြီးလက်ဖက်ရည်ဆိုင်များ၊အရက်ဆိုင်များ၊စားသောက်ဆိုင်များ၊ဟိုတယ်များ၊ဈေးဆိုင်များ၊အရောင်စင်တာများနှင့်ခရီးဝေးသွားသော
ရထားများတွင်ဆေးလိပ်ကင်းစင်ဖြစ်လာလိမ့်မည်။ဆေးလိပ်ရောင်းချမှုကိုတစ်ချို.လမ်းများတွင်ကန်.သတ်ထားပြီးအနည်း
ဆုံးဈေးနှန်းကိုလည်းချမှတ်လိမ့်မည်။
သေရွာကတောင်ဆေးလိပ်လာသောက်ချင်နေတာ
                 

No comments:

Post a Comment